

Tax Return က မဖြစ်မနေ လုပ်ရမှာလား?
ကင်းလွတ်ခွင့်ရတဲ့ တချို့အနေအထားက လွဲရင် Tax Return က file လုပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့…… တနှစ်လုံးကိုယ့်ရဲ့ ဝင်ငွေထဲက အခွန်အအနေနဲ့ ကောက်ယူထား ဖြတ်ထားတဲ့ ငွေတွေကို federal income tax withheld, state income tax withheld, local income tax withheld လို့ ခေါ်ပါတယ်။ အဲဒီ ငွေတွေထဲက အခွန်ဥပဒေအရ ပိုတဲ့ ငွေတွေကို refund လုပ်တာ ပြန်ပေးတာဖြစ်တဲ့အတွက် .. လုပ်သင့်ပါတယ်။
- ကိုယ်က အလုပ်လုပ်လို့ ကိုယ့်ရဲ့ ဝင်ငွေ credit မျိုးလည်းရှိမယ်
- ကလေးလည်းရှိ ကလေးအတွက်လည်းကိုယ်က အစစ လုပ်ပေးရတယ်ဆိုရင်
- college ပညာရေး တစ်ခုခုအတွက် ငွေကုန်ထားရင်
- ကားရှိရင်
- Obama care ကနေ ကျန်းမားရေးအင်ရှုးရင့်ယူထားရင် …. (သေချာ) လုပ်သင့်ပါတယ်။
Tax Return Filing အတွက် ဘာတွေ လိုအပ်လဲ
ကိုယ်အချက်အလက်တွေအတွက်
- ကိုယ့်ရဲ့ ID / Driver License
- Social Security Number
- Direct Deposit အတွက် bank acc infromation
Income ဝင်ငွေ အတွက်
- အလုပ်ရှင်က ထုတ်ပေးတဲ့ W-2
- independent – contractor အနေနဲ့ အလုပ်လုပ်ရင်တော့ 1099-MISC
- Un-employment ရရင် 1099-G
- စသဖြင့် စသဖြင့် မိမိရဲ့ ဝင်ငွေ record လုပ်ထားလို့ ရှိတာမှန်သမျှ လိုအပ်နိုင်ပါတယ်၊
Deductions အတွက်
- ကိုယ့်ရဲ့ ကျန်းမာရေး ကုန်ကျစရိတ်
- နေထိုင်စရိတ်တွေကအစ ကုန်ကျတာတွေ မှန်သမျှ လိုအပ်ပါတယ်။
